မိမိမျက်နှာပုံစံနဲ့လိုက်ဖက်မယ့် ဆံပင်ဘယ်လိုခွဲကြမလဲ
ဆံပင်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာအလှအပမှာ နေရာများစွာ
ယူထားတာဖြစ်တဲ့အတွက် မျက်နှာအနေအထားအလိုက် ဘယ်လိုခွဲရင်
အသင့်တော်ဆုံးလဲဆိုတာကို အကြံပေးထားပါတယ်။
၁။ သန်စွမ်းနေတဲ့ ဆံပင်ပိုင်ရှင်များအတွက် ဘေးဘက်ခြမ်းကနေ ခွဲပါ။
တစ်ဖက်ကို ခပ်ထူထူချလိုက်ပြီဆိုရင် သင့်မျက်နှာအနေအထားဟာ လေးနက်တဲ့ပုံစံမျိုး ပြောင်းလဲသွားမှာဖြစ်ပြီး ကျယ်ဝန်းတဲ့ နဖူးပိုင်ရှင်များကို ပိုပြီးဆွဲဆောင်မှုရှိအောင် ဖန်တီးပေးနိုင်ပါတယ်။
၂။ မျက်နှာအဝိုင်း သို့မဟုတ် ထောင့်ကျတဲ့မျက်နှာ ပိုင်ရှင်များအတွက် အလယ်ကနဲ့ခွဲပါ။
အလယ်ကနေ ဆံပင်ခွဲလိုက်မယ် ဆိုရင်တော့ သင့်မျက်နှာဟာ ရှည်ပြီး သေးသွယ်တဲ့ပုံစံ ပေါက်သွားစေမှာပဲ ဖြစ်ပါတယ်။
၃။ ဘဲဥပုံ သို့မဟုတ် ရှည်လျားနေတဲ့ မျက်နှာပိုင်ရှင်များ ဘေးကနေ ခွဲပါ။
ဆံပင်ဘေးကနေ ခွဲခြင်းဟာ အမျိုးသမီးအများစုနဲ့ အဆင်ပြေနေတဲ့ ပုံစံဖြစ်ပါတယ်။ အထူးသဖြင့် ဘဲဥပုံစံ မျက်နှာပိုင်ရှင် သို့မဟုတ် မျက်နှာရှည်နေတဲ့သူများအတွက် အပြင်အဆင်ဟာ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ပိုပြီးလေးနက်တဲ့ ရုပ်ရည်ပိုင်ဆိုင်လာအောင် ပြုပြင်ပေးတဲ့ ဆံပင်ပုံစံပဲဖြစ်ပါတယ်။
Credit : Trend Myanmar

Comments
Post a Comment